iDevice ကိုင်ဆောင်တဲ့ဘော်ဘော်တွေအတွက် Apple ID ပြုလုပ်နည်း
မင်္ဂလာပါ ဒီတစ်ခါ ဖုန်းနဲ့ Apple ID လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်
အရင်ဆုံး မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ။ ပြီးရင်အဆင်ပြေတဲ့ Free app တစ်ခုကိုဒေါင်းလိုက်ပါ။
ထိုအခါ Apple ID တောင်းပါလိမ့်မယ်။
Create New Apple ID ကိုနှိပ်လိုက်ပါ။
ပြီးသွားရင်တော့ Store ကို U.S လို့ရွေးပေးလိုက်ပါ။
Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ။
ကိုယ့်မှာရှိတဲ့ Gmail နဲ့ password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီးတော့ စာလုံးကြီးတစ်လုံးနှင့် ဂဏန်းတစ်လုံးပါဝင်ရမှာဖြစ်ပါတယ်။ ပြီးရင် Question နဲ့ Answer မှာ ကိုယ်မှတ်မိ လွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်လိုက်ပါ။ တော်တော်လေးအရေးကြီးပါတယ်။ တကယ်လို့ မိမိ Password မေ့သွားခဲ့ရင် ပြန်ဖြေပေးရမှာဖြစ်ပါတယ်။ ပြီးတော့ မွေးနေ့ ရက် လ တွေကိုအမှန်အတိုင်း ထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။
ကဲ အခု Billing Information ထည့်ရမည့်နေရာကိုရောက်ပါပြီ။ ဒီအဆင့်မှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ အစတုန်းက Free app ကိုDownload ဆွဲမလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုရွေးပေးလိုက်ပါ။ ပြီးရင် Title မှာ Mr/Ms ရွေးပါ။ ပြီးရင် First Name နဲ့ Last Name ထည့်ပါ။ ပထမ Address နေရာမှာ 22*99 လို့ရေးထည့်ပါ။ ဒုတိယ Address ကိုမဖြည့်ပါနဲ့။
City နေရာမှာ Asd12565 လို့ရေးထည့်ပါ။ State မှာ AZ-Arizona ကိုရွေးပေးလိုက်ပါ။ ပြီးရင် Zip နေရာမှာ 85123 လို့ရေးထည့်လိုက်ပါ။ ဖုန်းနံပတ်မှာ 520 5500854 ကိုထည့်ပါ။ ပြီးသွားရင် Next ကိုနှိပ်ပါ။ ပြီးသွားရင်တော့ Verify Your Account ဆိုပြီး ကိုယ့်ရဲ့Gmail မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ်။
Gmail app ထဲကိုဝင်ပြီး ခုဏထည့်ခဲ့တဲ့ Gmail ကို Signin လုပ်လိုက်ပါ။ အပေါ်ဆုံးမှာ Apple ကပို့ထားတဲ့ Mail တစ်စောင်ရောက်နေပါလိမ့်မယ်။ Mail ထဲကိုဝင်ပြီး Virify Now ကို နှိပ်လိုက်ပါ။ Browser ပွင့်လာရင် Gmail နဲ့ Password ကိုထည့်ပေးလိုက်ပါ။ Apple ID တစ်ခုပြုလုပ်လို့ပြီးပါပြီ။
လိုအပ်တဲ့နေရာမှာ အသုံးပြုကြပါတော့ခင်ဗျာ။
အဆင်ပြေကြပါစေဗျာ။
ဝေလင်းစိုး
Wednesday, December 9, 2015
ဖုန်းဖြင့် Apple ID ပြုလုပ်နည်း
Monday, December 7, 2015
Samsung မှာဖြစ်တဲ့ FRP Lock အကြောင်း
Samsung lolipop version တွေမှာဖြစ်တဲ့ FRP Lock အကြောင်း
FRP Lock ဆိုတာကတော့ ကိုယ့် Phone က version 5.0 နဲ့အထက်ဖြစ်ပြီးတော့ FRP Lock ကို Support ပေးထားခဲ့မယ်, Gmail တစ်ခုကိုလည်း ထည့်ထားခဲ့မယ် ဆိုရင်
Phone ကို Factory data reset ချတဲ့အခါ Phone ပြန်ပွင့်လာရင်
မိမိPhone မှန်ကန်ကြောင်း Gmail ပြန်ထည့်ပြီး Verify လုပ်ပေးရတဲ့ Security တစ်မျိုးပါ။
ထိုကဲ့သို့ Verify လုပ်ခိုင်းတဲ့အခါ အရင်မိမိထည့်ထားခဲ့တဲ့ Gmail Account ကိုရိုက်ထည့်ပေးရမှာပါ။ ရိုက်ထည့်ပေးလိုက်ရင် phone ကိုအရင်တိုင်းဆက်သုံးလို့ရပါပြီ။ တစ်ကယ်လို့ Gmail မမှတ်မိတော့ဘူး. ပြန်မထည့်ပေးနိုင်ဘူးဆိုရင် FRP Lock ကျပါတယ်။
Samsung က သူ့ရဲ့Phone တွေကို Security မြှင့်တဲ့အနေနဲ့ Factory Reset Protection Lock ( FRP Lock ကို ထည့်သွင်းပေးလိုက်တာပါ။
FRP Lock ကို Gmail Account မထည့်ပဲ ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့
U.S.B OTG နဲ့ Development Settings.apk လိုပါတယ်။
အရင်ဆုံး Development Settings.apk ကို OTG ထဲသို့ထည့်လိုက်ပါ။
ဖုန်းကို OTG ထိုးလိုက်ပါ USB Storage A အနေနဲ့ပေါ်လာရင်ဝင်လိုက်ပါ။ Development Settings.apk ကို ရှာပီး Install လုပ်လိုက်ပါ။ ပထမဆုံး Install စလုပ်မှာမို့ Unknown Source ပိတ်ထားတာကိုဖွင့်ပေးလိုက်ပါ။ Install လုပ်ပြီးတာနဲ့ဖွင့်လိုက်ပါ။
Settings ထဲကိုရောက်သွားပါလိမ့်မယ်။ Backup and reset ကိုသွားပီး Factory data reset ချလိုက်ပါ။ Power ပြန်တက်လာရင် Verify လုပ်တဲ့ အဆင့်မရှိတော့ပါဘူး။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး
CDMA ဖုန်းကို GSM ထည့်မယ်
CDMA နဲ့ GSM ထည့်ရတဲ့ဖုန်းကို နှစ်ကဒ်လုံး GSM ထည့်နည်း
1.Roaming Setting Apk ကို Download ဆွဲပါ။
2.ဖုန်းထဲကို C+G ထည့်ရမယ့်အစား G+G ထည့်ပါ။
3.Roaming Setting Apk ထဲကိုဝင်ပါ။
4.Card 1 ကိုအမှန်ခြစ်ပေးပြီးဖွင့်လိုက်ပါ။
4.Phone ကို Sestart ချလိုက်ပါ။
လိုင်းတက်လာပါပြီ။
အဆင်ပြေကြပါစေဗျာ။
ဝေလင်းစိုး
TWRP Recovery သွင်းပြီး Root လုပ်နည်း
ဒီတစ်ခါတော့ TWRP Recovery သွင်းပြီး
Root လုပ်နည်းလေးဖော်ပြပေးပါ့မယ်ခင်ဗျာ။
1.Kernel File နဲ့ Super Su zip file ကို ဖုန်းထဲထည့်ပါ။
2.Odin ကိုဖွင့်ပြီး PDA နေရာမှာ TWRP tar file ကိုထည့်ပါ။
3.Phone ကို Download Mode ခေါ်ပြီး Computer နဲ့ချိတ်ပါ။
4.Odin မှာသိရင် Start ကိုနှိပ်ပါ။
5.Pass ဖြစ်ရင် TWRP Recovery Mode ဝင်ပါ။
6.Volume Up + Home+ Power ကိုတွဲနှိပ်လိုက်ပါ။
7.TWRP Recovery တွင် Stock Kernel ကို Backup လုပ်ထားပါ။
8.အခြားဟာတွေကို ဖြုတ်ထားပြီး Boot တစ်ခုတည်းပဲထားပါ။
9.Stock Kernel လို့ရိုက်ထည့်ပါ။ ပြီးလျှင် Swipe to Backup လုပ်ပေးလိုက်ပါ။
10.Install ကိုနှိပ်ပါ။
11.Kernel zip ဖိုင်ကိုရွေးပြီး Swip to Flash ပြုလုပ်ပါ။
12.Install ကို ပြန်သွားပါ။ Super Su zip file ကို Swip to Flash လုပ်ပေးပါ။
13.Reboot System ကိုနှိပ်ပြီး Phone ကို Reboot လုပ်လိုက်ပါ။
14.Power တက်လာတဲ့ အခါ Root Access ရရှိနေပါပြီ။
15.Super Su ကို Playstore ကနေ Down လိုက်ပါ။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး
Sunday, December 6, 2015
FB မှာကိုယ်Likeထားတဲ့Pageတွေသူများမသိအောင်လုပ်မယ်
Facebook မှာ ကိုယ်ဘယ် Page တွေ Like ထားလဲဆိုတာသူများတွေမသိအောင်လုပ်မယ်။
18+ Page တွေကိုLike လုပ်ထားတဲ့သူတွေ ပိတ်သင့်ပါတယ်။
1.Facebook Application ကနေလုပ်လို့မရပါဘူး။ အရင်ဆုံး Browser ထဲကိုဝင်ပါ။
2.facebook.com လို့ရှာပြီး Facebook Acc ကို Login လုပ်ပါ။
3.Computer နဲ့သုံးတဲ့ ပုံစံပြောင်းရပါမယ်။ ပြောင်းဖို့အတွက် Profile ရှိတဲ့ Role ရဲ့ အောက်ဆုံးမှာ Desktop Site ဆိုတာကို နှိပ်လိုက်ပါ။
4.Computer နဲ့သုံးတဲ့ပုံဖြစ်သွားပြီဆိုရင် မိမိ Profile ထဲဝင်ပါ။
5.Friends စာရင်းရဲ့အောက်မှာ Likes ရှိပါတယ်။ Likes-123 ရဲ့ဘေးက ခဲတံပုံကိုနှိပ်ပါ။
6.Box လေးကျလာရင် Edit Privacy ကိုနှိပ်ပါ။
7.Box လေးထပ်ကျလာရင် အားလုံးကို Only me (သော့ခလောက်ပုံ) ပြောင်းလိုက်ပါ။
8.ပြီးလျှင် Close ကိုနှိပ်လိုက်ပါ။
ကိုယ်ဘယ် Page တွေ Like ထားလဲဆိုတာ သူများတွေ မသိနိုင်တော့ပါဘူး။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး
wailinnsoe@hotmail.com
Facebook မှာ ကိုယ့်Friendတွေကို သူများမမြင်အောင်လုပ်မယ်
Facebook မှာ ကိုယ်ဘယ်သူနဲ့ Friend ဖြစ်နေလဲ friend ဘယ်နှစ်ယောက် ရှိလဲ ဆိုတာသူများတွေမသိအောင်လုပ်မယ်။
1.Facebook Application ကနေလုပ်လို့မရပါဘူး။ Browser ထဲကိုဝင်ပါ။
2.facebook.com လို့ရှာပြီး Facebook Acc ကို Login လုပ်ပါ။
3.Computer နဲ့သုံးတဲ့ ပုံစံပြောင်းရပါမယ်။ ပြောင်းဖို့အတွက် Profile ရှိတဲ့ Role ရဲ့ အောက်ဆုံးမှာ Desktop Site ဆိုတာကို နှိပ်လိုက်ပါ။
4.Computer နဲ့သုံးတဲ့ပုံဖြစ်သွားပြီဆိုရင် မိမိ Profile ထဲဝင်ပါ။
5. Friend ဆိုတဲ့ အကွက်လေးကို နှိပ်လိုက်ပါ။
6.ညာဘက်အပေါ်ထောင့်, Cover photo ရဲ့ ညာအောက်ထောင့်နားမှာရှိတဲ့ ခဲတံပုံလေးကိုနှိပ်လိုက်ပါ။
7.ပေါ်လာတဲ့ အကွက်ထဲက Edit Privacy ကိုနှိပ်ပါ။
8.Box လေးကျလာရင် အပေါ်က Friend List ဘေးက Friends ဆိုတာကိုနှိပ်ပြီး Only me ထားပေးလိုက်ပါ။
9. ပြီးလျှင် Close ကို နှိပ်လိုက်ပါ။
ယခုဆိုရင် ကိုယ့်သူငယ်ချင်းစာရင်းကို ကိုယ်ကလွဲရင် ဘယ်သူမှမမြင်ရတော့ပါဘူး။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး
wailinnsoe@hotmail.com
Facebook မှာ Tag ပိတ်မယ်
Facebook က ကိုယ့် Wall ထဲမှာ သူများအကြောင်းတွေနဲ့ ပြည့်နေပြီလား။
Facebook နဲ့ New Feed နဲ့ မသဲကွဲဘူး ဖြစ်နေပပါသလား။
Notification မှာ ကိုယ်နဲ့ မဆိုင်တဲ့ Message တွေဝင်နေပါသလား။
အဲတာတွေ အဆင်ပြေသွားအောင် Tag ပိတ်ထားလိုက်ရင် ရပါတယ်။
Tag ပိတ်နည်းကတော့
1.Facebook App ထဲဝင်ပါ။
2.Account Settings ထဲကိုဝင်ပါ။
3. ၄တန်းမြောက်က Timeline and Tagging ထဲဝင်ပါ။
4.အပေါ်ဆုံးတန်းကိုနှိပ်ပြီး Only me ကို အမှန်ခြစ်ပေးလိုက်ပါ။
5.တတိယအတန်းကိုလဲ နှိပ်ပြီး Only me ထားလိုက်ပါ။ ရပါပြီ။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး