Friday, December 4, 2015

Computer မှာ Folder ဖွက်​နည်း

Computer မှာ Folder ​တွေကိုဖွက်​နည်း

Computer မှာ Folder ​တွေကိုဖွက်​နည်းနဲ့ ပြန်​​ဖော်​စရာမလိုပဲ Folder ထဲ ဝင်​နည်းကို​ဖော်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။
Folder ​တွေကိုဖွက်​မယ်
1.ကိုယ်​ဖွက်​ချင်​တဲ့ Folder ​ပေါ်ကို Right Click နှိပ်​ပါ။
2.​ပေါ်လာတဲ့ Menu List ထဲမှာ ​အောက်​ဆုံးက Properties ထဲဝင်​ပါ။
3.Box ​လေးကျလာပါလိမ့်​မယ်​။ အရင်​ဆုံး​ပြောချင်​တာက ကိုယ်​ဖွက်​မယ့်​ Folderရဲ့ Location ကို မှတ်​ထားပါ။
4.Location ဘယ်​လိုကြည့်​ရမလဲ။ Location ကြည့်​နည်း​ပြောပြပါမယ်​။ ​ပေါ်လာတဲ့ Box ထဲကစာရင်းမှာ ဒုတိယတန်းက Location ပါ။ ဥပမာ: D:\Movie\Video ဆိုတဲ့စာတန်း​လေးကိုမှတ်​ထားပါ။
5.ဖွက်​ဖို့အတွက်​ အောက်​ဆုံးက Hidden ကို အမှန်​ခြစ်​​ပေးလိုက်​ပါ။ Box ထပ်​ကျလာပါလိမ့်​မယ်​။ Apply change to this folder only ကို Select ​ပေးပြီး Ok နှိပ်​လိုက်​ပါ။
4.ပြီးလျှင်​ Apply နဲ့ Ok ကို နှိပ်​လိုက်​ပါ။
Folder ​ပျောက်​သွားပါပြီ။ မမြင်​ရ​တော့ပါဘူး။

Hide ထားတဲ့ Folder ထဲ ဝင်​ကြည့်​နည်း

Folderထဲ ဝင်​ကြည့်​ချင်​ရင်​​တော့
1.Window Key နဲ့ R ကို တွဲနှိပ်​လိုက်​ပါ။ Box ​လေးကျလာပါလိမ့်​မယ်​။
2.Text box ​လေးထဲမှာ ကိုယ်​ခုဏဖွက်​ထားတဲ့ Folder ရဲ့ Location ကို ​ရေး​ပေးလိုက်​ပါ။
ဥပမာ: D:\Movie\Video လို့​ရေးပြီး Ok ကို နှိပ်​လိုက်​ပါ။
ဖွက်​ထားတဲ့ Folder ​ပေါ်လာပါလိမ့်​မယ်​။ Folder ရဲ့ Location က တစ်​ခါပဲ​ရေးရတာပါ။
နောက်​တစ်​ခါဖွင့်​ကြည့်​ချင်​ရင်​ Window Key + R ကို နှိပ်​ပြီး Enter နှိပ်​လိုက်​ရုံပါပဲ။

Folder ပြန်​​ဖော်​နည်း

ဖွက်​ထားတဲ့ Folder ​တွေကို ပြန်​​ဖော်​ချင်​ရင်​​တော့
1.ဖွက်​ထားတဲ့ Folder ထဲကိုဝင်​လိုက်​ပါ။
2.Right Click နှိပ်​ပြီး Properties ထဲဝင်​ပါ။
3.Hiddern ​ဘေးက အမှန်​ခြစ်​​လေးကို ဖြုတ်​လိုက်​ပါ။ Box ကျလာပါလိမ့်​မယ်​။ Apply Change to this folder, subfolder and files ကို select ​လုပ်​ပြီး Ok နှိပ်​လိုက်​ပါ။
4.Apply နဲ့ Ok ကို နှိပ်​လိုက်​ပါ။
ဖွက်​ထားတဲ့ Folder ပြန်​​ပေါ်လာပါပြီ။

Pdf ဖိုင်​အ​နေနဲ့ လိုချင်​ရင်​ ဒီမှာ Download ဆွဲပါ။
အဆင်​​ပြေပါ​စေ ခင်​ဗျာ။

https://www.dropbox.com/s/d6jxitbme1qy2wo/Pc%20Folder%20%E1%80%96%E1%80%BC%E1%80%80%E1%80%B9%E2%80%8B%E1%80%94%E1%80%8A%E1%80%B9%E2%80%8B%E1%80%B8%20kowailinn.pdf?dl=0

ဝေလင်းစိုး
wailinnsoe@hotmail.com
kowailinn.blogspot.com

No comments:

Post a Comment