Contact သိမ်းနည်း
Contact တွေမှားဖျက်မိမှာ ကြောက်နေပါသလား။
Phone ပြောင်းကိုင်တဲ့အချိန် ရာနဲ့ချီတဲ့ Contact တွေ ပြန်ရိုက်ထည့်ရမှာ စိတ်ညစ်နေပါသလား။
SD Card ထဲကို Contact လှမ်းပို့ထားလို့ရပါတယ်။
ဘယ်အချိန်ပဲ လိုလို ဘယ် Android Ph မှာပဲနေနေ ချက်ချင်း Contact တွေပြန်သွင်းလို့ရပါတယ်။
သဘောတရားချင်းအတူတူပဲမို့ Huawei Phone နဲ့ လုပ်ပြထားပါတယ်။
အခြား Phone တွေမှာလဲ တူတူပါပဲ။
Contact တွေကို SD Card ထဲဘယ်လိုသိမ်းထားမလဲဆိုတော့
1.မိမိ Phone ရဲ့ Contact ထဲဝင်ပါ။
2.Menu Key ကိုနှိပ်လိုက်ပါ။ List လေးပေါ်လာပါလိမ့်မယ်။
3.Manage Contacts ထဲဝင်ပြီး Export to Storage ကို နှိပ်လိုက်ပါ။
3.Box လေးကျလာရင် Ok နှိပ်လိုက်ပါ။
4.Phone ရယ် Sim 1 ရယ် Sim 2ရယ်ကို Select မှတ်ပြီး Ok နှိပ်လိုက်ပါ။
တစ်ကဒ်ထဲရှိပါက Sim 2 မပေါ်ပါ။
5.မိမိ Phone ရဲ့ Default Storage ထဲကိုရောက်သွားပါလိမ့်မယ်။ မိမိPhone ရဲ့ Default Storage က Internal ဆို Internal ထဲရောက်ပြီး။ External SD ဆို Sd Card ထဲကို 00001.vcf ဆိုပြီး Contact လေးရာက်သွားမှာပါ။
Contact တွေ သိမ်းလို့ပြီးပါပြီ။
Contact တွေ ပြန်သွင်းခြင်ရင်တော့, Contact သွင်းမယ့် Phone ထဲကို ခုဏ သိမ်းလိုက်တဲ့ 00001.vcfဆိုတာလေးကို Zapya နဲ့ ပို့ပေးလိုက်ပါ။ ရောက်ြပီဆိုရင် 00001.vcf ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ Contact တွေ Phone ထဲကို ဝင်သွားပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။
ဝေလင်းစိုး
wailinnsoe@hotmail.com
kowailinn.blogspot.com
No comments:
Post a Comment