iDevice User တွေအတွက် Jailbreak လုပ်နည်းလေးပါ။
1.အရင်ဆုံးသင့် iDevice ကို Backup လုပ်လိုက်ပါ။ Setting ထဲက iCloud ထဲဝင်ပြီး
Backup Now လုပ်လိုက်ပါ။
2.iDevice ကို Passcode ဖြုတ်ထားပါ။
3.Airplane Mode လုပ်ထားပါ။
4.Jailbreak Tool ဖြစ်တဲ့ Pangu ကို Download ဆွဲပါ။
Computer မှာ iTunes app လဲရှိရပါမယ်။
5.Pangu ကို ဖွင့်လိုက်ပါ။
6.iDevice ကို Computer နဲ့ USB ကြိုးကိုသုံးပြီး ချိတ်လိုက်ပါ။
7.Pangu က Device ကိုသိပြီဆိုလျှင် Start ခလုပ်ကိုနှိပ်လိုက်ပါ။
8.ဆက်လက်ပြီး Already Backup ကိုနှိပ်လိုက်ပါ။
9.ခဏအကြာမှာ သင့်ရဲ့ iDevice က Reboot ကျသွားပါလိမ့်မယ်။
Pangu က သင့် Device ကို Airplane Mode လုပ်ထားဖို့ပြောပါလိမ့်မယ်။
10.Airplane Mode လုပ်ထားလိုက်ပါ။
11.အနည်းငယ်အကြာမှာ Pangu က သင့် Device ရဲ့ Home Screem မှာပေါ်လာတဲ့
Pangu App ထဲကိုဝင်ဖို့ ပြောပါလိမ့်မယ်။ iDevice မှာPangu App ထဲဝင်ပြီး Access လုပ်ပေးလိုက်ပါ။
12.iDevice က Reboot နောက်တစ်ခါကျသွားပါလိမ့်မယ်။ ဒီတစ်ခါတော့ Airplane mode လုပ်စရာမလိုတော့ပါ။
Cydia icon လဲပေါ်လာပါပြီ။ Jailbreak လုပ်ခြင်းပြီးဆုံးပါပြီ။
အဆင်ပြေကြပါစေခင်ဗျာ။
ဝေလင်းစိုး
wailinnsoe@hotmail.com
Sunday, December 6, 2015
Jailbreak လုပ်နည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment